Blogger Tips and TricksLatest Tips And TricksBlogger Tricks

8 Mar 2015

The Theory of Everything(2014) မြန်မာစာတန်းထိုး




ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ... သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး..... စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ.... အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေ ထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်... သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်... ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး... Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ? သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေ အတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကြဝဠာ ပေါင်းများစွာထိအောင် ရောက်နေပါတယ်.. ဆရာဝန်တွေက ၂ နှစ်ပဲနေရမယ်လို့ထင်ခဲ့တဲ့ သူဟာ အခုဆို ၇၃ နှစ်တောင်ရှိနေပါပြီ ... ဒါပေမယ့် သူ့ရဲ့အပြုံးတွေ ကြိုးစားမှုတွေကတော့ မှေးမှိန်မသွားသေးပါဘူး... လေ့လာမှုတွေကိုရပ်ဖို့ အစီအစဉ်တောင်မရှိဘူးဆိုပဲ... အရမ်းကို အတုယူဖို့ကောင်းပါတယ်....လေးစားဖို့လည်းကောင်းပါတယ်...။ ကျွန်တော်ဇာတ်လမ်းကို ပိုပြီးသဘောကျတာက မင်းသား Eddie Redmayne သရုပ်ဆောင်ချက်တွေဖြစ်ပြီး... ရုပ်ရည် ကလည်းတူတဲ့အပြင်သရုပ်ဆောင်တာတွေပါ ပီပြင်လွန်းတာကြောင့် တကယ့်ရောဂါသည်ကြီးလားလို့တောင် ထင်ရမိပါတယ်။ ၂၀၁၅ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကိုထိုက်တန်ပါတယ်။ အော်စကာဆုပေးပွဲအပြီးမှာ Stephen Hawking က သူ၏ Facebook စာမျက်နှာတွင် Eddie Redmayne ကိုဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါတယ်.... “The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆုရသွားတဲ့ Eddie Redmayne ကို ဂုဏ်ပြုပါတယ်။ မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ် Eddie, ငါမင်းအတွက်ဂုဏ်ယူပါတယ်” ဟု Stephen Hawking ကရေးသားခဲ့ပါတယ်။ IMDb Rating (7.8/10) Rotten Tomatoes (79%) ရရှိထားသလို အိုင်းစတိုင်းပြီးရင် ၂၀ ရာစုရဲ့ အထင်ရှားဆုံး သိပ္ပံပညာရှင်အကြောင်းကို ကြည့်ဖို့ တိုက်တွန်းပါရစေ... ။ (ဒီဇာတ်ကားကို Mĝ Ñŷêiň မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။) 
 File size...1300MB
 Quality....Blu-ray Rip 720p 
Format...Avi 
Duration....02:03:00 
Subtitle....Myanmar Subtitle (Hardsub) 
Encoder....Mĝ Ñŷêiň
  
Download

...မြန်မာစာတန်းထိုးဇာတ်ကားများ ဆိုဒ်မှ ကူးယူဖော်ပြသည်...

  သွေးစက်နီ(စွယ်စုံရိပ်မြုံ)
www.androidnyi.blogspot.com

0 comments:

Post a Comment