Blogger Tips and TricksLatest Tips And TricksBlogger Tricks

4 Apr 2015

The Imitation Game (2014) မြန်မာစာတန်းထိုး



ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး
ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာင်္ပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့..........Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ.......။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား........၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ...........................................။ 

အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။)
အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။
သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။
(မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) 
ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။
IMDb Rating(8.1/10) နဲ့ Rotten Tomatoes (89%) ရရှိထားပါတယ်။

ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာ
တွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။ 

Ref; Movies-we watch,we feel.'s FB Page & Movie Review's FB Page
(ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Lotus Black မှကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။) 


File size...800MB 
Quality....Blu-ray Rip 720p 
Format...mp4
Duration....01:54:13
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung 

HD

350MB
Download


သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

Gone Girl (2014) မြန်မာစာတန်းထိုး



ဒီကားကိုတော်တော် ကြိုက်လည်းကြိုက်မိသလို တော်တော်မုန်းလည်းမုန်းမိသည်။ စိတ်ထဲကျေနပ်မိသလို ဘ၀င်လည်းမကျမိပါ။ သဘောကျသလို စိတ်ပျက်မိသည်။ ဘယ်လိုစကားကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရလျှင်တော့ Frustration ဆိုတာဒီကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ 
ရုပ်ရှင်သာပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားသည်။ ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိသည်။ စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင် ညဥ့်တောင်တော်တော်နက်သွားသည်။ 
Amazing Amy .. 
ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ 
ဇာတ်လမ်းအစကပြဿ နာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ် သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်း တိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာ တော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက ပဲသူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန်ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ .. အေ့မီရုံးခန်းဝင်ကြည့်တော့မှာ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ .. 
အဲဒီအချိန်ထိ နစ် ကသာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တော့တောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေ ဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက " မရှိဘူးမသိဘူး။" နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ "မသိဘူး"တဲ့။ စုံထောက်မနဲနဲ စိတ်တိုသွားတယ်။ ဒါဆို "ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ" ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ.. ကိုရဲ့စခန်းကနေအိမ်လိုက်ပို့လိုက်တယ်
တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အ၀တ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု... Clue one သဲလွန်စနံပါတ် ၁ တဲ့.... စကားထာကိုဖြေကြည့်တော့ နေရာကသူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမ၀တ်အတွင်းခံ Langerie တစ်ထည်....
နောက်ပြီး Clue two .. clue three .. clue ... 
စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာသည်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. .... ............
လိမ်ညာခံရတာတွေက" အေမီ ကိုလား .. အေမီ ကလား"... "အေမီကရော နစ်ကိုချစ်သလား".. "နစ်ကရောအေမီကိုချစ်သလား..." 
ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီးနစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။ 
သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံသည်။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်သွားခဲ့ရင်ရော .. 
စာရေးဆရာမကို အင်တာဗျူးထားသည်။ သူမကလည်း နောက်ထပ်တစ်ကားထပ်ထွက်ဖို့ ဟ ထားတာမဟုတ်ကြောင်း၊ ရုပ်ရှင်တွေမှာ ဗီလိန်တွေ ရှုံး၊ မင်းသားတွေ ပြုံး အပ်ကြောင်းထပ်နေလို့ အေမီကို ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဟားငါသိသားပဲ ဆိုတဲ့ သဲလွန်စတွေကိုလည်း တတ်နိုင်သလောက်ဖျောက်ထားကြောင်း၊ ပရိသတ်တွေကရိုးရိုးသားသား ပြောကြကြောင်း ဇာတ်သိမ်းကိုမုန်းကြောင်း တရားမျှတမှုရှိသင့်တယ် ပြောကြကြောင်း၊ ကျွန်မလည်းပြန်ပြောမိတယ် အေမီကို မုန်းပါတယ်ဆိုတဲ့သူတွေတောင် အေမီထာင်ထဲမှာ ငုတ်တုတ်မေ့နေတာကို တောင် တွေ့ချင်မှာ မဟုတ်ဘူးထင်တယ်။ သူမရဲ့ မှော်အောင်ပါတယ်။ အေမီကို သေစေချင်မိသလို သေလည်းမသေစေချင်မိပါ။ 
ကျွန်မအမြင်ပြောရရင်တော့ အေမီဟာ နစ်ကို အဆုံးအရှုံးမခံနိုင်ပါ။ 
နစ်ကသူမခွင့်လွတ်နိုင်စရာမရှိသော ပြစ်မှုကို ကျူးလွန်ခဲ့သည်။ သူမသေလောက်အောင်မုန်းသွားသည်။ ဒါကြောင့်လှလှပပ အပြစ်ပေးခဲ့သည်။ ဒါပေမဲ့ နစ် တီဗွီကနေ သူမကို ဘယ်လောက်ချစ်ကြောင်း လျှာဖျားကလေသံနဲ့ အပြောမှာတင် သူမပြန်ကြွေသွားသည်။ (အကောင်းကြွေတာမဟုတ်။) သူမနောက်ကြောင်း ပြန်လှည့်လာသည်။ တကယ့်မိန်းမသဘာဝ အစစ်ဖြစ်သည်။ဘယ်လောက် နာကျည်းမုန်းတီးနေပါစေ။ အချစ် ဆိုတဲ့ စကားလုံးလေးမှာတင် အကုန်ပြိုကျသွားသည်။ in this case, different story .. သူမချစ်သူဆီပြန်လာပေမဲ့ အားလုံးသဘောကျတဲ့ပျော်ရွှင်စွာ ဇာတ်သိမ်းဖို့မဟုတ်။ သေချာတာတစ်ခုက သူမ နစ်ကို နောက်တစ်ခါလုံးဝအဆုံးအရှုံးမခံနိုင်တော့ပြီ။
အဲဒါကြောင့် ပင့်ကူအိမ်ထဲကနေမထွက်နိုင်အောင် နစ် ဆိုတဲ့ပိတုန်းကောင်ကို အပြီးအပိုင်ချည်နှောင်ထားလိုက်ခြင်းဖြစ်ပါတယ်။ သူမကလွဲရင် ကျန်တာလုပ်မိတာကို ခွင့်လွှတ်ချင်သည်။ ခွင့်လည်းခွင့်မလွတ်နိုင်။ ဒါကြောင့် သူမရဲ့အကြံအစည်အကုန်သုံးပြီး ရစ်စက်မှုတွေမှန်သမျှနှင့် နစ်ကို ချည်နှောင်ထားသည်။ နစ် ကလည်း responsibility ဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လာသည်။ နစ်အကြောက်ဆုံးစကားနဲ့သူမကအပိုင်တုတ်ထားလိုက်တာက "နင့်ကိုငါကိုယ်တိုင် မုန်းရုံတင်မဟုတ်ဘူး။ ငါတို့ရင်သွေးကိုမုန်းတတ်အောင် ငါသင်ပေးလိုက်မယ်။ "
We love each other ..and we resent each other .. coz we want to control each other ... 
This is marriage .. 
အိမ်ထောင်ရေးဆိုတာ စုံတွဲအကဖြစ်သည်။ အချစ်ကအရေးကြီးသလား။ ကျန်တာအရေးကြီးလား။ အကုန်အရေးကြီးပါသည်... အဓိက ကတော့ တစ်ခုတင်းရင် တစ်ခုလျော့ရမယ်။အရေးအကြီးဆုံးစည်းက ဘေးကို ချော်ထွက်လို့မရ။ ....
အဓိကက အချစ်တွေရှိနေပါလျက်.. ဘာလို့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူတွေ ဘာလို့အကုန်ပျော်မနေကြပါသလဲ။ အပြစ်ကိုယ်စီကို ခွင့်လွတ်မှုအားနည်းနေလို့ပါ။ သူတစ်လှမ်းတိုးလျှင် ကိုယ်တစ်လှမ်းဆုတ်ရမှာပါ။ ဘေးချော်လို့တော့ ကကွက်ပျက်သွားပါမည်။ 
ဇာတ်ကားရဲ့စာရေးသူနဲ့အင်တာဗျူးပါ။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြည့်ပါ။ 

(ရုပ်ရှင်အညွှန်းကို Movie Locos ၏ Facebook Page မှကူးယူဖော်ပြပါသည်။)

File size...1.4GB   
Quality....DVDRip
Format...mp4
Duration....02:29:00
Subtitle....Myanmar Subtitle(Hardsub) 
Encoder....Nyeinsaeya Aung    



သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

The Hunger Games: Mockingjay - Part 1 (2014) မြန်မာစာတန်းထိုး



ဆိုဒ်အဟောင်းမှာတုန်းက တင်ပြီးပြီ ထင်ပါတယ်.. မကြည့်ရသေးတဲ့ သူငယ်ချင်းတွေနဲ့ တောင်းဆိုထားကြတဲ့ သူငယ်ချင်းတွေ အတွက် မြန်မာစာတန်းထိုးနဲ့ ပြန်တင်ပေးလိုက်ပါတယ်.. ဇာတ်လမ်းကတော့ အရင်ဇာတ်ကားတွေနဲ့မတူတော့ပါဘူး။ Hunger Game တွေမလာတော့ပဲနဲ့ ဒီကားက နိုင်ငံရေးတွေပါလာပြီး၊ လူတွေ ထကြွပုံကန်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်သွားပါပြီ။ ဒီကားကို စာအုပ်ဖတ်ထားဖူးတဲ့ သူတွေက ကြိုက်ကြမှာဖြစ်ပြီး၊ သာမန်ပရိတ်သတ်တွေ အတွက်ကတော့ အနည်းငယ် ပျင်းဖို့ကောင်းမှာပါ။ ဒုတိယဇာတ်ကား Hunger Games: Catching Fire အပြီးမှာ Katniss က Hunger Games Stadium ကိုဖျက်ဆီးလိုက်ပြီးတဲ့ နောက်ကနေဆက်ထားပါတယ်။ Katniss ကို ကယ်တင်ပြီးတဲ့နောက် သူမကို District 13 ကိုပြန်ခေါ်သွားပြီး သူပုန်ခေါင်းဆောင် President Alma Coin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇာတ်လမ်းမှာ President Coin က ခေါင်းဆောင်ဖြစ်ပေမယ့် ပြည်သူတွေအကုန် ပူးပေါင်း ပြီး နေပြည်တော်ကို (Capitol) တွန်းလှန်ဖို့ဆိုရင်၊ ပြည်သူတွေ မျက်စိထဲမှာ လူစွမ်းကောင်းလို့ မြင်နေတဲ့ Katniss ကို ဦးဆောင်ခိုင်းမှ၊ Katniss ပါ ပါဝင်ပြီး တွန်းလှန်မှာ လူတွေအကုန် သူမနောက်က ပါလာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက The Hunger Games: Mockingjay Part 2 အတွက် အရှိန်ယူနေတာဖြစ်လို့ Catching Fire လောက်မကောင်းပေမယ့်၊ ဇာတ်လမ်း ဇာတ်ကွက်ကတော့ ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ပီပြင်သလို ကလေးအကြိုက်စာအုပ်ကို ရုပ်ရှင် ပြန်ရိုက်ထားတယ်လို့ မထင်ရအောင် ဇာတ်ညွှန်းတွေကလည်း ကောင်းလှပါတယ်။ ဒီ Hunger Games စာအုပ်တွေက ဆယ်ကျော်သက် မိန်းကလေး ပရိတ်သတ်တွေ အတွက် အဓိက ထုတ်ဝေထားတာဖြစ်တာကြောင့် ဇာတ်လမ်းအားဖြင့်တော့ အရမ်းကြီးမကောင်းပါဘူး။ ဒါပေမယ့် ရုပ်ရှင်က လူတိုင်း ကြည့်လို့ ရအောင် ပညာသားပါပါရိုက်ကူးထားနိုင်ပါတယ်။ အထူးသဖြင့်ဒီကားမှာ ပရိတ်သတ်အချို့ နဲ့ ရုပ်ရှင်ဝေဖန်သူတွေ အမြင်နှစ်မျိုးကွဲနေကြတာရှိပါတယ်။ ဒီကားမှာ Katniss က Peter ကိုပဲ တစ်ချိန်လုံး လိုက်ရှာနေပြီး၊ Peter ကိုမှ ခေါ်မလာပေးရင်၊ မကယ်တင်ပေးရင်၊ သူမလည်း လူတွေကို ဦးမဆောင်ဖူးလို့ တောင်ပြောခဲ့ပါတယ်။ ဒါကြောင့် အချို့သူတွေက ဒီလို Sci-fi/Action ဇာတ်ကားမှာ ကလေးကလား အချစ် ဇာတ်လမ်းကို မရမက ထည့်သွင်းရိုက်ကူးထားတာကို ဝေဖန်ခဲ့ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ Katniss က ရုတ်တရက် သူမ လုံးမသိထားတဲ့ တော်လှန်ရေးထဲကို ဆွဲသွင်းခံလိုက်ရပြီး၊ ဘုမသိဘမသိ ဖြစ်နေသလို၊ သူမ မရင်းနှီးတဲ့ လူတွေ ခိုင်းတာလုပ်နေရပါတယ်။ဒါ့အပြင် Peter က ပထမဇာတ်ကားမှာထဲက သူမ နဲ့အတူ သေဖော်သေဖက် အဖြစ်ရှိနေခဲ့တာကြောင့် ဒီလို အချိန်မှာ သူမအနေနဲ့ အမေနဲ့ညီမအပြင် တွယ်တာစရာ Peter ကိုပဲ ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းမျိုး၊ မြန်မာအချစ်ဇာတ်ကားမျိုး ဖြစ်သွားပေမယ့် ဇာတ်လမ်းအရ ပါသင့်တယ်လို့ ထင်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ ပထမနှစ်ကားလောက် အက်ရှင်မများပေမယ့် Hunger Games ဇာတ်ကားကို ကြိုက်သူတွေကတော့ နှစ်သက်ကြမှာပါ။ No Sex, No Nudity ဖြစ်ပြီး မိသားစု တူတူကြည့် နိုင်ပါတယ်။ မိန်းကလေးတွေ ကို စိတ်ဓါတ်ခိုင်မာစေအောင် ညွှန်ပြပေးမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ 
 #Sololay ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပြလိုက်ပါတယ်.. 
 pCloud ကနေ ဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့တင်ပေးလိုက်ပါတယ်...

1.2GB

500MB
Download

ချမ်းငြိမ်း - မှော်ဝန်း မှ ကူးယူတင်ပြသည်

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

Seventh Son (2014) မြန်မာစာတန်းထိုး



အားလုံးတောင်းတနေတဲ့ ဇာတ်ကားလေးပါ..
အရင်က စာတန်းမထိုးပဲတင်ထားပေးဖူးပါတယ်
အခု စာတန်းထိုးပြီး ထပ်တင်ပေးလိုက်ပါတယ်
ဒီကားကတော့ ၂၀၁၄ မှာထွက်ပြီး၂၀၁၅ မှာရုံတင်တဲ့ကားဖြစ်ပါတယ်
 Action, Adventure, Fantasy
အမျိုးအစားဖြစ်လို့
မကောင်းဆိုးဝါး မှော်စုန်းတွေကို စွန့်စွန့်စားစား နှိမ်နင်းတဲ့ကားဖြစ်ပြီး
ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်
စာတန်းထိုးနဲ့ဆိုတော့ အညွှန်းကိုမရေးပေးတော့ပါဘူး
မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး
မိသားစုနဲ့လဲ အတူတူကြည့်လို့ရတဲ့ကားပါ
PCloud ကနေ ဖိုင်ဆိုဒ် အကြီးအသေးနဲ့ တင်ပေးလိုက်ပါတယ်

1.1GB

417MB
Download

ချမ်းငြိမ်း - မှော်ဝန်း မှ ကူးယူတင်ပြသည်

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

Outcast (2014) မြန်မာစာတန်းထိုး



မင်းသားကြီး Nicolas Cage နဲ့
ကျနော်တို့မြန်မာပရိတ်သတ်တွေရဲ့
အချစ်တော် မင်းသမီး Liu Yifei ( ဂူးဂူး) တို့ရဲ့ Action ဇာတ်ကားသစ်ပါ..
အရင်ကမြန်မာစာတန်းမထိုးပဲတင်ပေးခဲ့ဖူးပါတယ်
အခု  မြန်မာစာတန်းထိုးနဲ့ကြည့်ရအောင်လို့
တင်ပေးလိုက်ပါတယ် 
DVD ကနေပြီး စာဖိုင်ထုတ်ပြီးတင်တာမဟုတ်ပါဘူး 
ရုပ်သံအကြည်နဲ့ တင်ပေးလိုက်တာပါ.
pCloud ကပဲ ဖိုင်ဆိုဒ်အကြီး အသေးနဲ့တင်ပေးလိုက်ပါတယ်..

1GB

397MB
Download

ချမ်းငြိမ်း - မှော်ဝန်း မှ ကူးယူတင်ပြသည်

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

American Sniper (2014) မြန်မာစာတန်းထိုး



ဒီဇာတ်ကားကတော့ 2014 နောက်ဆုံးအပတ်မှာရုံတင်တဲ့
Action | Biography | Drama အမျိုးအစားဇာတ်ကားလေးပါ..
ဖြစ်ရပ်မှန် ကို ပြန်လည်ရိုက်ကူးထားတာမို့
တော်တော်လေး လူကြိုက်များနေတဲ့ဇာတ်ကားပါ..
အရင်က စာတန်းမထိုးပဲတင်ပေးဖူးပါတယ်..
အော်စကာ ရတဲ့ ကားလေးမို့ မြန်မာစာတန်းထိုးနဲ့တင်ပေးပါ..
အော်နေကြတာ ကြာပါပြီ ကျနော့်မလဲ ဒီကားကို ဘာသာပြန်ဖို့ 
အလှည့် မပေးနိုင်လို့ မတင်ဖြစ်ခဲ့ပါဘူး..
အခုဒီ American Sniper (2014) ကို ရုပ်ရှင်တော်တော်များများကို
မြန်မာဘာသာပြန်ပေးနေတဲ့ ကို Lotus Black 
တင်ထားတာတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ်..
စာဖိုင်သီးသန့် လိုချင်ရင် ဒီမှာ သွားဒေါင်းပါ..
ပုံမှန်အတိုင်းပဲ pCloud ကနေ ဖိုင်ဆိုဒ်အသေး
 အကြီးနှစ်မျိုးနဲ့ တင်ပေးလိုက်ပါတယ်..

1.1GB

545MB
Download

ချမ်းငြိမ်း - မှော်ဝန်း မှ ကူးယူတင်ပြသည်

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

ဒေးလ်ကာနက်ဂျီ (လူသန်းပေါင်းများစွာတို့၏ဘဝကို ပြောင်းလဲစေခဲ့သူ) - ဖေမြင့်

စာအုပ်အမည် = ဒေးလ်ကာနက်ဂျီ (လူသန်းပေါင်းများစွာတို့၏ဘဝကို ပြောင်းလဲစေခဲ့သူ)
ရေးသူအမည် = ဖေမြင့်

Download

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

အောင်မြင်မှုချမ်းသာသုခ နှင့် ဓနဥစ္စာ - ဖေမြင့်

စာအုပ်အမည် = အောင်မြင်မှုချမ်းသာသုခ နှင့် ဓနဥစ္စာ
ရေးသူအမည် = ဖေမြင့်

Download

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com