23 Feb 2015
VirtualBox 4.3.22
ဒါလေးကတော့ တော်တော်များများ သိကြမှာပါ ..VMware လိုပဲ ကွန်ပျူတာတစ်လုံးထဲမှာ ၀င်းဒိုးတွေအများကြီး တင်သုံးချင်တာပဲ ဖြစ်ဖြစ် ကွန်ပျူတာပေါ်မှာ Android iso ဖိုင်တွေ တင်ပြီး စမ်းသုံးကြည့်ချင်တာပဲဖြစ်ဖြစ် တကယ်ကို အသုံးဝင်တဲ့ software လေးပါ ..ကွန်ပျူတာကို ခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက်လည်း တကယ်ကို အသုံးဝင်မှာပါ ..၀င်းဒိုးမတင်တတ်သေးရင် ဒီကောင်လေးနဲ့ စမ်းပြီး ၀င်းဒိုးတင်ကြည့် အဆင်ပြေသွားပြီ ဆိုရင် ကိုယ့်ကွန်ပျူတာကို ကိုယ့်ဘာသာကို ၀င်းဒိုးတင်လို့ရသွားမယ် ..ဒါမှမဟုတ် ကိုယ့်ကွန်ပျူတာမှာ တင်မဲ့ဝင်းဒိုးက ကိုယ့်စိတ်ကြိုက်မှ ဖြစ်ရဲ့လား ဇဝေဇ၀ါဖြစ်နေရင် ဒီကောင်လေးနဲ့ အရင်စမ်းကြည့် ..ဘယ်လောက်မိုက်လဲ ..ဒါတောင် ညီက ခုမှစလေ့လာနေတာ မို့လို့ ဒီလောက်ပဲ ရှင်းပြတတ်တာ ..တကယ် ကျွမ်းကျင်ပြီးသားသူတွေ အတွက်တော့ အရမ်းကို အသုံးဝင်မယ့် software လေးပေါ့ ..ညီ့လိုခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက် တော့ ဒီကောင်လေး မရှိသေးဘူးဆိုရင် ဆောင်ထားစေချင်တယ် ..ဒါလေးက ခုနောက်ထပ် ထပ်ထွက်လာတာလေးမို့လို့ လိုချင်တဲ့ ညီအစ်ကိုတွေ အောက်မှာ ဒေါင်းသွားလိုက်နော် ..
တက်ကျွမ်းပြီးသား ညီအစ်ကိုတွေကတော့ ဒီအောက်က စာကို ကျော်သွားလိုက်ပါနော် ။
ညီတို့လို တကယ်နားမလည်လို့ မလုပ်ရဲ့တဲ့ သူတွေအတွက်သာ တကူးတက လုပ်ပြခြင်းဖြစ်ပါတယ် ။
.. ဒီအောက်ကတော့ VirtualBox install လုပ်နည်းလေးပါ ..
ဒေါင်းလို့ ရလာတဲ့ ဖိုင်လေးပေါ် (2)ချက် နှိပ်ပြီးဖွင့်လိုက်ပါ ။
(1) Next ကိုနှိပ် ။
(2) Next ကိုနှိပ် ။
(3) Next ကိုနှိပ် ။
(4) Yes ကိုနှိပ် ။
(5) Install ကိုနှိပ် ။
(6) သူစပြီး run နေပါပြီ ခဏစောင့်လိုက်နော် ။
(7) Finish ကိုနှိပ် ။
ဒါဆိုရင်တော့ VirtualBox ကို install လုပ်လို့ပြီးပါပြီ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
20 Feb 2015
VMware Workstation 10
ကဲ ဒါလေးကတော့ တော်တော်များများ သိကြမှာပါ .. ကွန်ပျူတာပေါ်မှာ ၀င်းဒိုး ISO ဖိုင်တွေဒေါင်းပြီး စမ်းသုံးကြည့်ချင်တယ် ဆိုရင်တော့ ဒီကောင်လေးသာ ဆောင်ထားလိုက်နော် ..ကွန်ပျူတာတစ်ခုထဲမှာ ၀င်းဒိုးတွေ အများကြီး တင်သုံးလို့ ရတယ်ဆိုတော့ ဘယ်လောက်မိုက်လဲ ..ကိုယ် ၀င်းဒိုး အသစ်မတင်ခင် ကိုယ်တင်မဲ့ ၀င်းဒိုးက ကောင်းလား မကောင်းလား၊ ဘာတွေလိုနေလဲ ကိုယ့်စိတ်တိုင်းကျကော ဖြစ်ရဲ့လားဆိုတာကို ဒီကောင်လေးနဲ့ အရင်ဆုံး စမ်းသပ်ကြည့်လို့ရတယ် ..ကိုယ်မသုံးဖူးသေးတဲ့ ၀င်းဒိုးတွေကိုလည်း စမ်းသုံးကြည့်လို့ရတယ် ဆိုတော့ ညီ့လို ကွန်ပျူတာကို အခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက်ကော လိုချင်နေတဲ့ အစ်ကိုတွေအတွက်ပါ တင်ပေးလိုက်တယ်နော်..
လိုချင်တဲ့ အစ်ကို အစ်မများ အောက်မှာဒေါင်းသွားလိုက်နော် ..
Mavis Beacon Teaches Typing Platinum 20
ဒါကတော့ စာစီစာရိုက် လေ့ကျင့်ချင်တဲ့ သူတွေအတွက် တကယ် ကောင်းတဲ့ Typing software လေးတစ်ခုပါ ..တော်တော်များများတော့ သိကြမှာပါ .. ဒါလေးကတော့ version အသစ်လေးမို့ ကိုယ့်ကွန်ပျူတာမှာ ဒီ Typing software လေး မရှိသေးဘူးဆိုရင်တော့ ဒေါင်းထားစေချင်တယ် .. တကယ်ကို ကောင်းတဲ့ software လေးမို့လို့ပါ ..
BlueStacks App Player 0.9.7.4101 Superuser Easy
ဒီ software လေးကတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ ..ကွန်ပျူတာပေါ်မှာ android app တွေ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီကောင်လေးက တကယ်ကောင်းတဲ့ software တစ်ခုပါ ..superuser ဖြစ်ပြီးသားဆိုတော့ မြန်မာစာအတွက်လည်း ပူစရာမလိုတော့ ဘူးပေါ့ ..
play store ကနေ app တွေ ဒေါင်းပြီးတော့ android phone တစ်လုံးလို စိတ်ကြိုက်အသုံးပြုနိုင်ပါတယ် ..
သုံးကြည့်ချင်တဲ့ အစ်ကို အစ်မများ အောက်မှာ ဒေါင်းသွားလိုက်နော်...
26 Jan 2015
Jarvis SkinPack 1.0
Jarvis SkinPack 1.0
ဒါကတော့ SkinPack လေးပါ..။ ကွန်ပျူတာ Theme လေးတွေကို ဒီဇိုင်းလန်းလန်းလေးမှ သုံးချင်တဲ့သူတွေ အတွက်တော့ ဒီကောင်လေးကို အကြိုက်တွေ့ မှာပါ..။
တစ်ချို့ SkinPack တွေက icon တို့ folder တို့ Setting တို့ taskbar တို့မှာ ဒီဇိုင်း မပြောင်းတာ တွေရတယ်..။ ဒီကောင်လေးကတော့ ညီသုံးကြည့်တာ အဆင်ပြေတယ်..။
တကယ် နားလည်တဲ့ သူတွေကတော့ ဘယ်နေရာမှာ ဘာလိုရင် ဘယ်ကိုသွားရမယ် ဆိုတာ သိနိုင်ပေမယ့် ညီတို့လို ခုမှ ကွန်ပျူတာ စတင်လေ့လာနေတဲ့ သူတွေအတွက်တော့ အခက်တွေ့စေ ပါတယ်..။ဒါကြောင့် ညီ့လိုပဲ ကွန်ပျူတာကို ခုမှ စတင်လေ့လာနေတဲ့ သူတွေ ရှိရင် ဒေါင်းယူလို့ရအောင် ပါ..။ဒီကောင်လေးက download ဆွဲပြီး Run ပေးလိုက်ရုံပါပဲ..။ဖိုင်ဆိုဒ်က 32MB ပါ..။လိုချင်တဲ့သူများ အောက်မှာ ဒေါင်းသွားလိုက်နော်..။
Requiem ThemePack 1.0
Requiem ThemePack 1.0
ဒီနေ့တော့ ကွန်ပျူတာ အတွက် ThemePack လေး တစ်ခုတင်ပေးမယ်နော်..။
ဒါလေးကတော့ ဒီဇိုင်း တစ်မျိုးလေးပေါ့..။window 7,8,8.1 အားလုံးမှာ သုံးလို့ ရပါတယ်..။
ဆိုဒ်ကလည်း 9.20MB ပဲ ရှိပါတယ်.။.ပေါ့ပေါ့ပါးပါးလေးနဲ့ သုံးရပြုရတာအဆင်ပြေပါတယ်..။
သုံးကြည့်ချင်တဲ့ သူများ အောက်မှာ ဒေါင်းသွားလိုက်နော်..။
23 Jan 2015
Alieninspired SkinPack (version_1.0)
ကဲ...ဒီနေ့တော့ ကွန်ပျူတာအတွက် ဒီဇိုင်းအလန်းလေးနဲ့ SkinPack လေးတစ်ခု တွေ့လို့စမ်းသုံးကြည့်တာ
ဒီဇိုင်းလေးလန်းတာနဲ့ ပြန်လည်မျှ ဝေလိုက်မယ်နော်.....
ဆိုဒ်ကလည်း 20MB လောက်ပဲရှိတယ်....
ကွန်ပျူတာမှာ ဒီဇိုင်းအသစ်အဆန်းလေးတွေကိုမှ သုံးချင်တဲ့သူတွေအတွက်
ဒီအောက်မှာ ဒေါင်းလိုက်တော့နော်.....
Subscribe to:
Posts (Atom)



















.png)






