Blogger Tips and TricksLatest Tips And TricksBlogger Tricks

22 Feb 2015

VMware ဖြင့် windows တင်နည်း

ဒါကတော့ VMware သုံးပြီး ၀င်းဒိုး တင်ကြည့်ချင်တဲ့ သူတွေအတွက် တင်လို့ရအောင်လို့ ပါ ..တော်တော်များများကတော့ သိပြီးသား ဖြစ်မှာပါ ..တကယ်လို့ မသိသေးတဲ့ သူတွေရှိရင်လဲ ဒါလေးဖတ်ပြီး နားလည်သွားစေ ချင်တဲ့ စေတနာနဲ့ပါ ..သိပြီးသား အစ်ကိုတွေ အစ်မတွေတော့ ကျော်သွားလိုက်ပါနော် ..
ပထမဆုံး VMware သုံးပြီး ၀င်းဒိုးတင်မယ်ဆိုရင် windows iso ဖိုင်တော့ ရှိဖို့လိုတယ်နော်..ကိုယ့်စက်ထဲမှာပဲ iso ဖိုင်ကို ထားပြီးတော့ လည်း တင်လို့ရသလို အခွေမှာ windows iso ဖိုင်ကို burn ပြီးတော့လည်း တင်လို့ရပါတယ် ..အဓိကကတော့ ကိုယ့်မှာ iso ဖိုင် ရှိဖို့ပါပဲ ..
VMware software မရှိသေးဘူးဆိုရင်တော့ ဒီမှာ ၀င်ဒေါင်းလိုက်နော် ..

VMware software install လုပ်နည်းက ဒီမှာ ၀င်ကြည့်လိုက်နော် ..

ဒါဆိုရင် ကိုယ့်မှာ VMware software လည်း install လုပ်ပြီးသွားပြီ .. windows iso ဖိုင်လည်း ရှိနေပြီ ဆိုရင်တော့ ၀င်းဒိုး စတင်ကြည့်လိုက်ကြမယ် နော် ..


(1) VMware ကို ဖွင့်လိုက်ပြီး သူ့ရဲ့ ညာဘက် အပေါ်က Create a New Virtual Machine ဆိုတာကို ကလစ်တစ်ချက်နှိပ်လိုက်မယ် ။


(2)Custom (advanced) ကို ရွေးပြီ Next ကို နှိပ်လိုက်မယ် ။


(3) Next ကိုထပ်နှိပ်မယ် ။


(4) တကယ်လို့ ကိုယ်က ၀င်းဒိုးကို အခွေကနေ တင်မှာ ဆိုရင်တော့ ကိုယ်တင်မဲ့ ၀င်းဒိုးခွေကို ထည့်ပြီးရင် Installer disc: မှာ အမှတ်တပ်ပြီး သူ့ အောက်က အကွက်လေးထဲမှာ ကိုယ်အခွေထည့်ထားတဲ့ နေရာလေးကို ညွှန်ပေးလိုက်ရှံပဲ..တကယ်လို့ ကိုယ်က ကိုယ့်ကွန်ပျူတာထဲက ဒေါင်းထားတဲ့  iso ဖိုင်ကို တင်မှာ ဆိုရင် Installer disc image file (iso): ဆိုတာလေးကို အမှတ်တပ်ပေးပြီး ကိုယ့် iso ဖိုင်ထားထားတဲ့ နေရာလေးကို ညွှန်ပေးလိုက်မယ် ။
ပြီးရင် Next ကိုနှိပ်မယ် ။


(5) အပေါ်မှာ ကိုယ်တင်မှာ ၀င်းဒိုးဆိုတော့ ၀င်းဒိုးကို ရွေးပေးလိုက်မယ်။
အောက်မှာ ကိုယ်တင်မဲ့ ၀င်းဒိုး version ကို ရွေးပေးလိုက်မယ် ။
ဒါပေမယ့် ဒီအဆင့်က သိပ်ပြီးအရေးမကြီးပါဘူး ။


(6) ဒီထဲက location ဆိုတဲ့ နေရာမှာ ကိုယ်အခုဆောက်မဲ့ ၀င်းဒိုးရဲ့ data တွေကို ဘယ်မှာထားချင်တယ် ဆိုတာ ရွေးပေးလို့ရတယ် ။
ပြီးရင် Next ကိုနှိပ် ။

(7) processors ကတော့ ပုံမှန် 1,2 လောက်ဆို ရပါတယ် ။
ပြီးရင် Next ကိုနှိပ် ။


(8) ဒီကောင်ကတော့ ကိုယ့်ဝင်းဒိုးကို ဘယ်လောက် memory နဲ့ run မှာလဲပေါ့ ။
ညီကတော့ 2GB လောက်ထားတယ် ။
ပြီးရင် Next ကိုနှိပ် ။


(9) Next ကိုနှိပ် ။


(10) Next ကိုနှိပ် ။

(11) Next ကိုနှိပ် ။


(12) Next ကို နှိပ် ။


(13) အပေါ်က Maximum disk size (GB):ဆိုတဲ့ နေရာမှာ ကိုယ်ထားချင်သလောက် hard disk ကို ထားလို့ရတယ်.. 40GB,20GB ကိုယ်ထားချင်သလောက်ထားပေါ့ ။
ပြီးရင် Next ကို နှိပ် ။


(14) Next ကိုနှိပ် ။


(15) Finish ကိုနှိပ် ။


(16) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကိုယ်တင်မဲ့ ၀င်းဒိုးရဲ့ဖိုင်ဆောက်လို့ပြီးသွားပါပြီ ။
အဲ့တော့ ကိုယ့်တင်မဲ့ဝင်းဒိုးလေးကို မှတ်ပေးပြီး အပေါ်က play ကိုနှိပ်ပေးလိုက်တာနဲ့ VMware ပေါ်မှာ ၀င်းဒိုးတစ်ခု စတင်နေပါပြီ ..

ဒီလောက်ဆိုရင်တော့ VMware ကိုသုံးပြီး ၀င်းဒိုးတွေ တင်လို့ရပါပြီနော့်...
ဒီဝင်းဒိုးမှ မဟုတ်ပါဘူး ..တစ်ခြား android iso ဖိုင်တို့ ဘာတို့ကိုလည်း ဒီကောင်လေးသုံးပြီး တင်လို့ရပါတယ် ။






0 comments:

Post a Comment