Blogger Tips and TricksLatest Tips And TricksBlogger Tricks

15 Mar 2015

ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေသူတွေအတွက် Pushbullet App


ကွန်ပျူတာရှေ့မှာ ထိုင်ရင်း အလုပ်လုပ်နေတဲ့အတွက် ဖုန်းအ၀င်တွေ မက်ဆေ့ခ်ျတွေကို မသိလိုက်ဘဲ လွတ်သွားတာမျိုးတွေ မဖြစ်ရလေအောင် ကူညီပေးမယ့် Pushbullet app လေးပါ ။ ဒီကောင်လေးက မိမိ ကွန်ပျူတာရှေ့မှာ ရောက်နေတဲ့အချိန် မိမိဖုန်းထဲ ၀င်လာမယ့် notification တွေ အားလုံးကို ကွန်ပျူတာပေါ်မှာ လာပြပေးမှာ ဖြစ်ပါတယ် ။ ပြီးတော့ ဒီကောင်လေးနဲ့ပဲ ကွန်ပျူတာထဲက မိမိလိုချင်တဲ့ ဖိုင်တွေကိုလည်း ဖုန်းဆီကို ပို့ပေးနိုင်ပါတယ် ။ ကွန်ပျူတာထဲက ပုံတွေကို မြန်ဆန်စွာ ပေးပို့နိုင်သလို
file တွေကို auto download လုပ်ပြီး notification ကနေလည်း ဖွင့်နိုင်ပါသေးတယ် ။ ကိုယ်မှတ်ထားတဲ့ links တွေကိုလည်း notification ကနေပဲ  လွယ်ကူစွာ ပြန် share ပေးနိုင်တဲ့အတွက် အရင်လို့ email တွေဘာတွေ နဲ့ သုံးစရာမလိုတော့လို့ အလုပ်ရှုပ်လည်း သက်သာစေမှာပါ ။ ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေသူတွေအတွက်တော့ တကယ်ကို အသုံးတည့်မယ့် app ကောင်းလေးတစ်ခုပါ ။
ဖိုင်ဆိုဒ်ကလည်း 5MB ကျော်ကျော်ပဲရှိပြီး android 4.0 နဲ့ အထက် တွေမှာ အသုံးပြုနိုင်ပါတယ် ။
ကဲ...အသုံးလိုတဲ့သူတွေ အောက်က Download လေးကိုသာ နှိပ်လိုက်တော့နော် ...

Download

သွေးစက်နီ (စွယ်စုံရိပ်မြုံ) 
www.androidnyi.blogspot.com

0 comments:

Post a Comment