23 Feb 2015
Titanium Backup Pro (root)
ဒီ app လေးကတော့ ကိုယ်းဖုန်းမှာ backup လုပ်ပေးမယ့် android app ကောင်းလေးပါ ..ဒီကောင်လေးကို သုံးမယ်ဆိုရင်တော့ ကိုယ့်ဖုန်းမှာ root ရှိထားဖို့ လိုပါမယ် ..တခြား backup app တွေထက် ကောင်းတဲ့တစ်ချက်ကတော့ data တွေပါ တွဲပြီး မှတ်ထားလို့ရတဲ့ အတွက် ဘယ်အချိန် restore ပြန်လုပ်သုံးသုံး ကိုယ့် data တွေ မပျောက်ပျက်နိုင်တော့ပါဘူး ..ပြီးတော့ internet storage မှာပါ backup လုပ်ထားနိုင်ပါတယ် ..ဘာဘာညာညာတော့ မကြွားတော့ပါဘူး ..ညီလည်း free ရ ထားတာဆိုတော့
သုံးကြည့်ချင်တဲ့ အစ်ကိုအစ်မများလည်း အောက်မှာသာ ဒေါင်းသွားလိုက်နော် ..
VirtualBox 4.3.22
ဒါလေးကတော့ တော်တော်များများ သိကြမှာပါ ..VMware လိုပဲ ကွန်ပျူတာတစ်လုံးထဲမှာ ၀င်းဒိုးတွေအများကြီး တင်သုံးချင်တာပဲ ဖြစ်ဖြစ် ကွန်ပျူတာပေါ်မှာ Android iso ဖိုင်တွေ တင်ပြီး စမ်းသုံးကြည့်ချင်တာပဲဖြစ်ဖြစ် တကယ်ကို အသုံးဝင်တဲ့ software လေးပါ ..ကွန်ပျူတာကို ခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက်လည်း တကယ်ကို အသုံးဝင်မှာပါ ..၀င်းဒိုးမတင်တတ်သေးရင် ဒီကောင်လေးနဲ့ စမ်းပြီး ၀င်းဒိုးတင်ကြည့် အဆင်ပြေသွားပြီ ဆိုရင် ကိုယ့်ကွန်ပျူတာကို ကိုယ့်ဘာသာကို ၀င်းဒိုးတင်လို့ရသွားမယ် ..ဒါမှမဟုတ် ကိုယ့်ကွန်ပျူတာမှာ တင်မဲ့ဝင်းဒိုးက ကိုယ့်စိတ်ကြိုက်မှ ဖြစ်ရဲ့လား ဇဝေဇ၀ါဖြစ်နေရင် ဒီကောင်လေးနဲ့ အရင်စမ်းကြည့် ..ဘယ်လောက်မိုက်လဲ ..ဒါတောင် ညီက ခုမှစလေ့လာနေတာ မို့လို့ ဒီလောက်ပဲ ရှင်းပြတတ်တာ ..တကယ် ကျွမ်းကျင်ပြီးသားသူတွေ အတွက်တော့ အရမ်းကို အသုံးဝင်မယ့် software လေးပေါ့ ..ညီ့လိုခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက် တော့ ဒီကောင်လေး မရှိသေးဘူးဆိုရင် ဆောင်ထားစေချင်တယ် ..ဒါလေးက ခုနောက်ထပ် ထပ်ထွက်လာတာလေးမို့လို့ လိုချင်တဲ့ ညီအစ်ကိုတွေ အောက်မှာ ဒေါင်းသွားလိုက်နော် ..
တက်ကျွမ်းပြီးသား ညီအစ်ကိုတွေကတော့ ဒီအောက်က စာကို ကျော်သွားလိုက်ပါနော် ။
ညီတို့လို တကယ်နားမလည်လို့ မလုပ်ရဲ့တဲ့ သူတွေအတွက်သာ တကူးတက လုပ်ပြခြင်းဖြစ်ပါတယ် ။
.. ဒီအောက်ကတော့ VirtualBox install လုပ်နည်းလေးပါ ..
ဒေါင်းလို့ ရလာတဲ့ ဖိုင်လေးပေါ် (2)ချက် နှိပ်ပြီးဖွင့်လိုက်ပါ ။
(1) Next ကိုနှိပ် ။
(2) Next ကိုနှိပ် ။
(3) Next ကိုနှိပ် ။
(4) Yes ကိုနှိပ် ။
(5) Install ကိုနှိပ် ။
(6) သူစပြီး run နေပါပြီ ခဏစောင့်လိုက်နော် ။
(7) Finish ကိုနှိပ် ။
ဒါဆိုရင်တော့ VirtualBox ကို install လုပ်လို့ပြီးပါပြီ ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
22 Feb 2015
VMware ဖြင့် windows တင်နည်း
ဒါကတော့ VMware သုံးပြီး ၀င်းဒိုး တင်ကြည့်ချင်တဲ့ သူတွေအတွက် တင်လို့ရအောင်လို့ ပါ ..တော်တော်များများကတော့ သိပြီးသား ဖြစ်မှာပါ ..တကယ်လို့ မသိသေးတဲ့ သူတွေရှိရင်လဲ ဒါလေးဖတ်ပြီး နားလည်သွားစေ ချင်တဲ့ စေတနာနဲ့ပါ ..သိပြီးသား အစ်ကိုတွေ အစ်မတွေတော့ ကျော်သွားလိုက်ပါနော် ..
ပထမဆုံး VMware သုံးပြီး ၀င်းဒိုးတင်မယ်ဆိုရင် windows iso ဖိုင်တော့ ရှိဖို့လိုတယ်နော်..ကိုယ့်စက်ထဲမှာပဲ iso ဖိုင်ကို ထားပြီးတော့ လည်း တင်လို့ရသလို အခွေမှာ windows iso ဖိုင်ကို burn ပြီးတော့လည်း တင်လို့ရပါတယ် ..အဓိကကတော့ ကိုယ့်မှာ iso ဖိုင် ရှိဖို့ပါပဲ ..
VMware software မရှိသေးဘူးဆိုရင်တော့ ဒီမှာ ၀င်ဒေါင်းလိုက်နော် ..
VMware software install လုပ်နည်းက ဒီမှာ ၀င်ကြည့်လိုက်နော် ..
ဒါဆိုရင် ကိုယ့်မှာ VMware software လည်း install လုပ်ပြီးသွားပြီ .. windows iso ဖိုင်လည်း ရှိနေပြီ ဆိုရင်တော့ ၀င်းဒိုး စတင်ကြည့်လိုက်ကြမယ် နော် ..
20 Feb 2015
VMware Install လုပ်နည်း
ကဲ...ညီ့လိုပဲ ခုမှ စပြီးသုံးကြည့်ချင်တဲ့ သူတွေ VMware ကို Install မလုပ်တတ်မှာ စိုးလို့ ညီလုပ်တတ်သလောက်လေး ရှင်းပြပေးမယ်နော် ..သိပြီးတတ်ပြီးသား အစ်ကိုတွေကတော့ မလိုပါဘူးနော့် ..ညီ့လို အခုမှ စတင်လေ့လာတဲ့ သူတွေအခက်တွေ့မှာ စိုးလို့ပါ ..သိပြီးသား အစ်ကိုတွေ အစ်မတွေကျော်သွားလိုက်ပါနော် ..
(1) ဒေါင်းထားတဲ့ VMware workstation 10 ကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ရင် အောက်ကပုံလေးပေါ်လေးပေါ်လာလိမ့်မယ်။
Next ကိုနှိပ်။
VMware Workstation 10
ကဲ ဒါလေးကတော့ တော်တော်များများ သိကြမှာပါ .. ကွန်ပျူတာပေါ်မှာ ၀င်းဒိုး ISO ဖိုင်တွေဒေါင်းပြီး စမ်းသုံးကြည့်ချင်တယ် ဆိုရင်တော့ ဒီကောင်လေးသာ ဆောင်ထားလိုက်နော် ..ကွန်ပျူတာတစ်ခုထဲမှာ ၀င်းဒိုးတွေ အများကြီး တင်သုံးလို့ ရတယ်ဆိုတော့ ဘယ်လောက်မိုက်လဲ ..ကိုယ် ၀င်းဒိုး အသစ်မတင်ခင် ကိုယ်တင်မဲ့ ၀င်းဒိုးက ကောင်းလား မကောင်းလား၊ ဘာတွေလိုနေလဲ ကိုယ့်စိတ်တိုင်းကျကော ဖြစ်ရဲ့လားဆိုတာကို ဒီကောင်လေးနဲ့ အရင်ဆုံး စမ်းသပ်ကြည့်လို့ရတယ် ..ကိုယ်မသုံးဖူးသေးတဲ့ ၀င်းဒိုးတွေကိုလည်း စမ်းသုံးကြည့်လို့ရတယ် ဆိုတော့ ညီ့လို ကွန်ပျူတာကို အခုမှ စတင်လေ့လာနေတဲ့ သူတွေအတွက်ကော လိုချင်နေတဲ့ အစ်ကိုတွေအတွက်ပါ တင်ပေးလိုက်တယ်နော်..
လိုချင်တဲ့ အစ်ကို အစ်မများ အောက်မှာဒေါင်းသွားလိုက်နော် ..
Subscribe to:
Posts (Atom)





















